"Meta က NFTကိုတွင်ကျယ်စွာအသုံးပြုနိုင်ရေးအတွက် Coinbaseနဲ့ ပူးပေါင်း"

Meta ကုမ္ပဏီဟာ NFT တွေကို သူတို့ကိုယ်ပိုင် Instagram စာမျက်နှာကတဆင့် နိုင်ငံပေါင်းတစ်ရာကျော်မှာ သုံးစွဲနိုင်ဖို့အတွက် Coinbaseနဲ့ Dapper တို့နဲ့ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီရဲ့တည်ထောင်သူ နဲ့ CEO ဖြစ်သူ Mark Zuckerberg ကိုယ်တိုင် သူ့ရဲ့ Facebook စာမျက်နှာကတဆင့် အသိပေးပြောကြားခဲ့ပါတယ်။ Meta ကုမ္ပဏီရဲ့ပင်မ Twitter စာမျက်နှာမှာဆိုရင် NFT တွေအတွက် Instagram လူမှုကွန်ယက်စာမျက်နှာကနေ Flow Blockchain ကိုပါ အထောက်အပံ့ပေးသွားမယ်လို့ ကြေငြာထားပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် Instagram အသုံးပြုသူတွေဟာ မိမိတို့ရဲ့ NFT တွေကို မိမိတို့ရဲ့ကိုယ်ပိုင်အကောင့်မှာ စိတ်ကြိုက်ပြသထားလို့ရနေပြီဖြစ်ပါတယ်။ Meta ကုမ္ပဏီရဲ့ product manager ဖြစ်သူ Navdeep Singh က NFT စနစ်ကို Facebook မှာပါ စမ်းသပ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါသေးတယ်။ www.chatbotmm.com www.nalmm.com cloud.nalmm.com class.nalmm.com #nalmm #nal #chatbot #chatbotmm #ecommerce #sms #email #marketing #manychat #chatfuel #mobilemonkey #meta #facebook #instagram #nfts #coinbase #nal #chatbotmm #chatbot

0 Comments