"Facebook က ၂နှစ်ကျော်ကြာအသုံးပြုခွင့်ပေးခဲ့တဲ့ Live Shopping Event ကို ဖျက်သိမ်း"

Facebook ရဲ့ Live Shopping Event ဟာ Online Shopping တို့၊ ကုန်ပစ္စည်းလက်လီရောင်းချသူတွေအတွက် အရောင်းအဝယ်လုပ်တဲ့နေရာမှာ အရမ်းအသုံးဝင်တဲ့စနစ်တစ်ခုပါ။ ဒီစနစ်ကို ၂၀၂၀ သြဂုတ်လကစတင်ခဲ့ပါတယ်။ ဒါပေမဲ့ Facebook ရဲ့ထုတ်ပြန်ချက်အသစ်မှာတော့ Live Shopping Eventကို ယခုနှစ် အောက်တိုဘာ ၁ရက်ကစပြီး အသုံးပြုခွင့်မရှိတော့ဘူးလို့ ရေးသားထားပါတယ်။ Live Shopping Event ကိုဖျက်သိမ်းလိုက်တဲ့အတွက် ရောင်းချသူတွေဟာ အရင်လို Event တွေကို စိတ်ကြိုက်စီမံဖန်တီးထုတ်လွှင့်ခွင့်မရတော့တဲ့အပြင် tag product တွေကိုပါ စိတ်ကြိုက်ထည့်သွင်းခွင့်မရတော့ပါဘူး။ Live Shopping Event ကို Facebook တစ်ခုထဲမှာသာဖျက်သိမ်းလိုက်တာဖြစ်ပြီး Instagram မှာတော့ ဆက်လက်အသုံးပြုခွင့်ရနေဦးမှာဖြစ်ပါတယ်။သမားရိုးကျ Live လွှင့်တာကတော့ ဆက်လက်ခွင့်ပြုပေးထားမှာဖြစ်ပါတယ်။ မူရင်း Link - https://www.facebook.com/business/help/1462344604282523 www.chatbotmm.com www.nalmm.com cloud.nalmm.com class.nalmm.com #nalmm #nal #chatbot #chatbotmm #ecommerce #sms #email #marketing #manychat #chatfuel #mobilemonkey #meta #facebook #instagram #liveshopping #nal #chatbotmm #chatbot

0 Comments