Musk ကတကယ်ကြီး Google Co Founder Sergey Brin ရဲ့ မိန်းမနဲ့ ပတ်သတ်ခဲ့တာလား ?

Google ရဲ့ Co-Founder ဖြစ်သူ Sergey Brin က Elon Musk ရဲ့ကုမ္ပဏီမှာ သူကိုယ်တိုင်ရင်းနှီးမြှပ်နှံထားသမျှကို ပြန်လည်ရောင်းချဖို့ သူ့ရဲ့အကြံပေးတွေကို ညွှန်ကြားခဲ့ပါတယ်။ ညွှန်ကြားရတဲ့အဓိက အကြောင်းရင်းကတော့ သူ့ရဲ့အမျိုးသမီးဖြစ်သူနဲ့ Elon Musk တို့ ချစ်ကျွမ်းဝင်ခဲ့ကြတယ်ဆိုတဲ့သတင်းထွက်ပေါ်လာတာကြောင့်ပဲဖြစ်ပါတယ်။ Elon Musk ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက Sergey Brin ရဲ့အမျိုးသမီးဖြစ်သူ Nicole Shanahan နဲ့ ဖောက်ပြန်နေတယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။ ၂၀၀၈ ခုနှစ်ထဲက လုပ်ငန်းအတူတူလုပ်ကိုင်ခဲ့ကြတဲ့ Sergey Brin နဲ့ Elon Musk တို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးက ပျက်ဆီးသွားခဲ့ပါပြီ။ Sergey Brin ရဲ့ ရင်းနှီးမြှပ်နှံမှုပမာဏ ဘယ်လောက်ရှိနေသလဲဆိုတာကိုတော့ သတင်းတွေအရ အခုထိမသိရသေးပါဘူး။ Sergey Brin ဘက်ကလဲ ဇန်နဝါရီမှာ သူ့ရဲ့ဇနီးသည်နဲ့ ကွာရှင်းဖို့စာရင်းသွင်းထားလိုက်ပြီဖြစ်ပြီလို့သိရပါတယ်။ ဒါပေမဲ့ Elon Musk ဘက်ကတော့ ဒီသတင်းတွေဟာတွေဟာမဟုတ်မှန်ကြောင်းကို သူ့ရဲ့ Twitter စာမျက်နှာကတဆင့် ပြန်လည်ရှင်းပြခဲ့ပါတယ်။ သူနဲ့ Sergey Brin တို့ဟာ မိတ်ဆွေဖြစ်နေဆဲသာဖြစ်ပြီး မနေ့ညကတောင် ပါတီတစ်ခုမှှာ အတူတူရှိနေခဲ့ကြပါတယ်။ Nicole နဲ့လဲ နှစ်ယောက်သားအပြင်မှာနှစ်ကြိမ်ခန့်သာဆုံတွေ့ခဲ့ဖူးပြီး တခြားသူတွေနဲ့တွေ့ချိန်တွေမှာလဲ ရံဖန်ရံခါဆုံဖြစ်ပါတယ်။ ဘာအချစ်ရေးမှမပါပါဘူး လို့ဆိုပြီး Elon Musk ကိုယ်တိုင် ဇွန်လ၂၅ရက်နေ့က Twitter မှာ post တင်ထားခဲ့ပါတယ်။ Elon Musk ဘက်ကအခုလိုရှင်းပြထားပေမဲ့လဲ တစ်ဖက်မှာတော့ Elon Musk ဟာ သူ့ရဲ့ ကုမ္ပဏီ Space X ကဝန်ထမ်းတစ်ဦးကို ၂၀၁၆ ခုနှစ်တုန်းက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလုပ်ခဲ့တယ်ဆိုတဲ့ကိစ္စကို ဖျောက်ဖျက်ဖို့ သူမကို အမေရိကန်ဒေါ်လာနှစ်သိန်းခွဲ ပေးခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါ့အပြင် Elon Musk နဲ့ Nicole Shanahan တို့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက မိုင်ယာမီက Art Basel မှာဆုံတွေ့ခဲ့ထဲက ချစ်ကျွမ်းဝင်ခဲ့ကြပြီး သူ့ဘက်က Sergey Brin ကို အခမ်းအနားတစ်ခုမှာ ခွင့်လွှတ်ပေးဖို့တောင်းပန်ဖူးကြောင်း သတင်းပါထွက်ခဲ့ဖူးပါတယ်။ မိတ်ဆွေတို့ကော Musk တစ်ယောက် တကယ် ပွေရှုပ်နေပြီ ထင်ကြသလားခဗျာ။ အမြင်လေးတွေ သိပါရစေ။ www.chatbotmm.com www.nalmm.com cloud.nalmm.com class.nalmm.com #nalmm #nal #chatbot #chatbotmm #ecommerce #sms #email #marketing #manychat #chatfuel #mobilemonkey #elonmusk #spacex #telsa #sergeybrin #google

0 Comments