"Facebook ရဲ့ ပင်မကုမ္ပဏီ Meta ဟာ ကုမ္ပဏီနာမည်ခိုးယူမှုနဲ့ မူလ နည်းပညာကုမ္ပဏီ Meta က နေ တရားစွဲတာခံ နေရပါပြီ"

၁၂နှစ်တာသက်တမ်းရှိပြီဖြစ်တဲ့ နည်းပညာကုမ္ပဏီငယ် လေး Meta က သူတိုဆီက နေ ကုမ္ပဏီနာမည် ခိုးယူတယ်ဆိုတဲ့အ ကြောင်းပြချက်နဲ့ Facebook ရဲ့ ပင်မကုမ္ပဏီ Meta ကို တရားစွဲဆိုလိုက်ပြီဖြစ်ပါတယ်။ Facebook ကုမ္ပဏီက Meta ဆိုတဲ့နာမည်ကို ပြီးခဲ့တဲ့ နှစ်ကစတင် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ Facebookရဲ့ ပြောင်းလဲလိုက်တဲ့နာမည်အသစ်က ၁၀နှစ် ကျော်ကြာ နည်းပညာနယ်ပယ်မှာလုပ်ကိုင် နေတဲ့ Meta ဆိုတဲ့ကုမ္ပဏီငယ် လေးနဲ့ နာမည်တိုက်ဆိုင် နေခဲ့ပါတယ်။ Meta ဟာ ကုမ္ပဏီငယ်လေးတစ်ခုဆိုပေမဲ့ Spotify၊ Twitter၊ HP၊ Microsoft နဲ့ Google တို့လို နည်းပညာကုမ္ပဏီကြီးတွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့ဖူးပါတယ်။ မူလ Meta ကုမ္ပဏီတည် ထောင်သူနဲ့ CEO ဖြစ်သူ Justin Bolognio က "ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာဆိုရင် ၁၂နှစ်ကြာ ဖန်တီးသူတွေရဲ့ ဖန်တီးမှုတွေကို အားပေးအားမြှောက်ပြုပြီး ရပ်တည်ကာကွယ်ပေးလာခဲ့တာဖြစ်ပါတယ်။ Facebook ကအမည်ပြောင်းလဲခဲ့စဉ် ၂၀၂၁တုန်းကတော့ ဒီပြဿနာကို ဖြေရှင်းပေးဖို့ ကြိုးစားခဲ့ပေမဲ့ ရှစ်လတာအကြာမှာ ဒီပြဿနာကိုမဖြေရှင်းပဲ လျစ်လျူရှုလာတဲ့အတွက် ကျွန်တော်တို့က တရားရင်ဆိုင်ဖို့သာရှိပါတော့တယ်" လို့ပြောကြားခဲ့ပါတယ်။ ယခင်နာမည်ကို ပြန်ပြောင်းဖို့အစီအစဉ်မရှိလောက်တဲ့ Meta တစ်ဖြစ်လဲ Facebook ကတော့ ဒီအမှုကိုရှေ့မဆက်နိုင်အောင်နဲ့ မီဒီယာတွေမှာလူသိများမလာအောင် ကြိုးစားသွားနိုင်ချေရှိနေပါတယ်။ www.chatbotmm.com www.nalmm.com cloud.nalmm.com class.nalmm.com #nalmm #nal #chatbot #chatbotmm #ecommerce #sms #email #marketing #manychat #chatfuel #mobilemonkey #meta #facebook #nal #chatbotmm #chatbot

0 Comments