"Facebook ရဲ့ ထပ်မံထည့်သွင်းလိုက်တဲ့ Feed Tabs မှာဘယ်လိုလုပ် ဆောင်ချက်အသစ် တွေပါဝင်လာနိုင်မလဲ"

Facebook ရဲ့ပဲ့ကိုင်ရှင် Mark Zuckerberg က Facebook ထဲမှာ မိမိရဲ့အ ကောင့်ထဲက Friendဖြစ်ထားသူ တွေ၊ Like လုပ်ထားတဲ့ Page တွေ၊ဝင်ထားတဲ့Group တွေကတင်တာကိုပဲသီးသန့် ပေါ် စေမဲ့ Feeds Tab အသစ်တစ်ခုကို မိတ်ဆက် ပေးလိုက် ကြောင်း ပြီးခဲ့တဲ့ကြာသပ တေး နေ့က သူ့ရဲ့ကိုယ်ပိုင် Facebook စာမျက်နှာက နေ ကြေငြာခဲ့ပါတယ်။ အဆိုပါ Feeds Tab မှာဆိုရင် တခြား သော သတင်းအချက်အလက် တွေမ ပေါ် စေပဲ ကိုယ်တိုင် အမြဲဝင် ရောက်ကြည့်ရှုဖတ်ရှု နေကြ Page တွေနဲ့၊Group တွေကတင်ဆက်တဲ့အချက်အလက် တွေကိုပဲ သီးသန့်ပြသ ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်နဲ့ Facebook မှာ Friend ဖြစ်သူ တွေတင်သမျှအ ကြောင်းအရာ တွေကိုပါ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အဆိုပါ tab မှာ တခြား သောသူ တွေ၊ Page တွေ နဲ့ Group တွေကတင်တာ တွေကိုလုံးဝ တွေ့မြင်ရမှာမဟုတ်တဲ့အတွက် ကိုယ်အမြဲထိ တွေ့ဆက်ဆံ နေတဲ့ အသိုင်းအဝိုင်းဆီက သတင်းအချက်အလက် တွေကို စဉ်ဆက်မပြတ်ရနိုင်တာဖြစ်တဲ့အတွက် ကြောင့် Facebook ရဲ့တကယ့်ကို ကောင်းမွန်တဲ့ ဖန်တီးမှုတစ်ခုဖြစ်လာနိုင် ချေရှိပါတယ်။ www.chatbotmm.com www.nalmm.com cloud.nalmm.com class.nalmm.com #nalmm #nal #chatbot #chatbotmm #ecommerce #sms #email #marketing #manychat #chatfuel #mobilemonkey #meta #facebook #nal #chatbotmm #chatbot

0 Comments