"Elon Musk နဲ့ Twitter တို့ လမ်းခွဲမှုရဲ့ အစလား"

Telsa နဲ့ Space X တို့ရဲ့ CEO ဖြစ်သူ Elon Musk ဟာ ဒေါ်လာ ၄၄သန်းနဲ့ Twitter ကိုဝယ်ယူဖို့ကိစ္စကို ဖျက်သိမ်းလိုက်ပြီဆိုပြီး Twitter ရဲ့ဘုတ်အဖွဲ့ဝင်တွေဆီ စာနဲ့အကြောင်းကြားခဲ့ပါတယ်။ ဖျက်သိမ်းရတဲ့အဓိကအကြောင်းရင်းကတော့ Twitter ဘက်က Elon Musk တောင်းဆိုတဲ့အချက်တစ်ချို့ကိုလက်မခံလို့ပဲဖြစ်ပါတယ်။ နောက်ထပ်ပြဿနာတစ်ရပ်ကတော့ Elon Musk ဘက်က Twitter ရဲ့ Firehose အချက်အလက်ဒေတာတွေကိုကြည့်ပြီးတဲ့နောက် Twitter အသုံးပြုသူတွေရဲ့ အကောင့်တွေဟာ အစစ်အမှန်မဟုတ်တာများပြီး Bot တွေ၊ Spam တွေကပိုများတယ်လို့ပြောကြားခဲ့ပါတယ်။ Twitter ကတော့ အသုံးပြုသူတွေ ကြော်ငြာမြင်တွေ့ရတဲ့အကောင့် ငါးရာခိုင်နှုန်းအောက်ကသာ Bot တွေ၊ Spam တွေဖြစ်ကြောင်းပြောပေမဲ့ Elon Musk က ဒါကို လက်မခံခဲ့ပဲ နှစ်ဆယ်ရာခိုင်နှုန်းသော အကောင့်တွေဟာ အကောင့်အတုတွေဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ယခုနှစ် ဧပြီလလောက်ထဲက Elon Musk ဟာ Twitter ကိုဝယ်ယူဖို့ကိစ္စအတွက် ညှိုနှိုင်းမှုတွေလုပ်ဆောင်ရာမှာ အဆင်မပြေဖြစ်နေခဲ့တာဖြစ်ပြီး အစပိုင်းမှာတော့ Twitter ရဲ့ဘုတ်အဖွဲ့ဝင်တွေဟာ ရှယ်ယာတန်ဖိုး ဒေါ်လာသုံးဘီလီယံပိုင်ဆိုင်ထားတဲ့ Elon Musk ကို ရှယ်ယာအများဆုံးပိုင်ရှင်အဖြစ်အသိအမှတ်ပြုပြီး အစည်းအဝေးကိုဖိတ်ခေါ်ခဲ့ပေမဲ့ နောက်ခြောက်ရက်အကြာမှာ Elon Musk အစည်းအဝေးကိုမတက်ရောက်တော့ဘူးလို့ ထုတ်ပြန်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ညှိုနှိုင်းမှုပိုမိုအဆင်မပြေဖြစ်လာပြီး Elon Musk ဘက်က ဖျက်သိမ်းဖို့ကိုစီစဉ်လာခဲ့တာဖြစ်ပါတယ်။ Twitter ဘက်ကတော့ ပယ်ဖျက်မှုကို လုံးဝလက်မခံပဲ သဘောတူညီထားတဲ့အတိုင်း Elon Musk ဘက်က ဖျက်သိမ်းကြေးဒေါ်လာ တစ်ဘီလီယံကိုမဖြစ်မနေပေးဆောင်ရမှာဖြစ်ပြီး မပေးရင်တရားစွဲဆိုသွားမယ်လို့ ပြန်လည်ပြောကြားသွားတဲ့အတွက် နှစ်ဖက်အခြေအနေပိုမိုတင်းမာလာနိုင်ဖွယ်ရှိပါတယ်။ #elonmusk #ElonMuskTwitter #chatbotmm #nalmm

0 Comments