Labels (Tag) ဆိုတာကတော့ ကိုယ့်ရဲ့ Messenger Chatbot ထဲမှာ စကားလာပြောတဲ့ Subscribers တွေကို ကိုယ်သင့်တော်သလို စိစစ်ခွဲထုတ်လို့ရတဲ့ Function လေးဘဲဖြစ်ပါတယ်။ ဉပမာ ကိုယ်က အဝတ်အစားရောင်းတယ်ဆိုရင် ကိုယ့် flow တွေကို ယောက်ကျား မိန်းမ ခွဲပြိး သီးခြားတည်ဆောက်ပြီး သက်ဆိုင်ရာ create လုပ်ထားခဲ့တဲ့ label ကို စီစဉ်ထားခဲ့တာအခါမှာဆို အဲဒီ့ flow ကိုဖြတ်သန်းသွားတဲ့ subscriber တွေဟာ ကိုယ်စီစဉ်ထားခဲ့တဲ့ label တွေထဲဝင်သွားမှာဘဲဖြစ်ပါတယ်။
Subscriber တွေကို label အလိုက် ပြန်လည် ကြည့်ရှုဖို့အတွက် Subscriber Manager Tab ထဲမှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ အခုလို ခွဲခြားထားလို့ရတဲ့အတွက် မိမိက ကြော်ငြာတွေဖန်တီးတဲ့နေရာမှာ marketing campaign တွေဖန်တီးတဲ့နေရာတွေမှာ မိမိကြော်ငြာတွေဟာ မသက်ဆိုင်သူတွေဆီကို ပျံ့ကြဲမနေတော့ဘဲ တိတိကျကျ ရောက်ရှိနိုင်တဲ့အတွက် ကုန်ကျစရိတ်ကို ထိထိရောက်ရောက် အသုံးချနိုင်မှာလည်းဘဲဖြစ်ပါတယ်။
အားလုံးဘဲကျေးဇူးတင်ပါတယ်။
ထင်ကျော် (09 960 60 6556)
www.chatbotmm.com/blog
https://www.facebook.com/chatbotmm
https://www.youtube.com/playlist?list=PLHqtKIqYHXdcSKR6nhVdVSJc7qUMYjbow
0 Comments