"NFT ဖက်ကို အာရုံစိုက်လာတဲ့ META"

Meta ကုမ္ပဏီရဲ့ပဲ့ကိုင်ရှင်တစ်ဦးဖြစ်သူ Mark Zuckerberg ဟာ Cryptocurrency ​လောကကိုပါထပ်ပြီး​​ခြေဆန့်လာပြန်ပါပြီ။ Digital Artတွေဖန်တီး​တဲ့အနုပညာရှင်​တွေကိုယ်တိုင်​ရေးဆွဲထားတဲ့ပုံ​တွေနဲ့ Digital Art စု​ဆောင်းသူ​တွေကိုယ်တိုင်စု​ဆောင်းထားတဲ့ပုံ​တွေကို သူတို့ကိုယ်ပိုင် Instagram Profile မှာ အရင်ဆုံးတင်လို့ရ​အောင်စမ်းသပ်​​နေပြီလို့သိရပါတယ်။ ဒါ့အပြင် Instagram Stories မှာ ​NFT ​တွေကို 3D NFT အ​နေနဲ့ တင်လို့ရ​အောင်လုပ်​ဆောင်​ပေးမှာဖြစ်ပြီး Spark AR အမည်ရတဲ့ AR Platform ကတဆင့် Digital Art ​တွေကို သဘာဝဆန်တဲ့ 3D ပုံရိပ်တွေအဖြစ် တင်ဆက်နိုင်မှာဖြစ်ပါတယ်။​နောက်ပိုင်းမှာ ဒီစနစ်ကို Facebook နဲ့ တခြား​သော Meta ရဲ့ App ​တွေမှာပါ စမ်းသပ်ထည့်သွင်း​ပေးသွားဦးမယ်လို့ ကြားသိရပါတယ်။ nalmm.com #NAL #Chatbot #chatbotmm #nalmm #manychat #markzuckerberg #meta #nft #facebook #instagram #digitalmarketing #socialmediamarketing

0 Comments