"Elon Musk က Twitter ကိုအသုံးပြုမဲ့ အစိုးရနဲ့ စီးပွား​ရေးလုပ်ငန်း​လုပ်ကိုင်သူတွေ​ဆီက​နေ အခ​​ကြေး​ငွေ​​ကောက်ခံသွားတော့မှာလား။"

Tesla နဲ့ Space X ကုမ္ပဏီတို့ရဲ့ CEO တစ်​ယောက်ဖြစ်သူ Elon Musk ဟာ Twitter ကို ​ဒေါ်လာ၄၄ဘီလီယံနဲ့ ဝယ်ယူဖို့စီစဉ်​နေတာ သိကြမှာပါ။ အခုလဲ Twitter ကို အစိုးရနဲ့စီးပွား​ရေးလုပ်ငန်းလုပ်ကိုင်သူ​တွေအသုံးပြုရင် ​အခ​ကြေးငွေ​​ကောက်ခံဖို့ စီစဉ်​နေပြန်ပါတယ်။ သာမန်အသုံးပြုသူ​တွေကို​တော့ အခမဲ့အသုံးပြုခွင့်​ပေးထားမယ်လို့ သိရပါတယ်။ Twitter ဘက်က​တော့ ထိုကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမှတ်ချက်ပြု​ပြောကြားထားခြင်းမရှိပါဘူး။ အ​မေရိကန်၊ က​နေဒါ၊ သြစ​တေးလျ နဲ့ နယူးဇီလန်တို့မှာ ထပ်တိုးလုပ်​ဆောင်ချက်​တွေထည့်သွင်းထားတဲ့ Twitter Blue အမည်ရှိ အခ​ကြေး​ငွေ​ပေးရမဲ့စနစ်ကို စမ်းသပ်အသုံးပြုခွင့်​ပေးထားပြီဖြစ်ပါတယ်။ ထိုစနစ်ဟာဆိုရင် တစ်လကို ၂.၉၉ဒေါ်လာ ​ပေး​ဆောင်ရမှာဖြစ်ပြီး Tweets ​တွေ Undo လုပ်ခြင်းနဲ့ Bookmark လုပ်ခြင်းကဲ့သို့ လုပ်​ဆောင်ချက်​တွေပါဝင်မှာဖြစ်ပါတယ်။ ​နောက်ပြီး Elon Musk က Twitter ရဲ့ တိုက်ရိုက်ပို့ထားတဲ့မက်​ဆေ့ချ်​တွေကို Hack လုပ်လို့မရ​​အောင် end-to-end encrypted(အသုံးပြုသူ​တွေသာဖတ်လို့ရမဲ့စနစ်) လုပ်ထားသင့်တယ်လို့​ပြောသလို Twitter Platform ​ပေါ်မှာရှိ​နေနိုင်တဲ့ ပိုက်ဆံလိမ်ယူနိုင်တဲ့ အလိမ်အညာ Bot ​တွေကိုပါဖယ်ရှားပစ်ရမယ်လို့ ​ပြောခဲ့ပါတယ်။ ဒါ့အပြင်ထာဝရပိတ်သိမ်းခံရ​တော့မဲ့ Twitter Account ​​တွေကို အချိန်ကာလတစ်ခုထိယာယီဆိုင်းငံ့​ပေးတဲ့စနစ်မျိုးကို သ​ဘောကျ​ကြောင်းပါ​ပြောကြားခဲ့ပါတယ်။ ​ဝေဖန်သူတချိူ့က Elon Musk လို ဘီလီယံနာသူ​ဌေးတစ်​ယောက်က Twitter ကဲ့သို့ လူမှုကွန်ယက်မီဒီယာကုမ္ပဏီကို လွှမ်းမိုးချုပ်ကိုင်လိုက်ခြင်းဟာ သူ့ကို​သ​ဘောမကျသူ​တွေနဲ့ သူ့ရဲ့လုပ်ငန်း​တွေအ​ကြောင်း​ဝေဖန်သူ​တွေကို လွတ်လပ်စွာ​ပြော​ဆို​ရေးသားခွင့် မရှိနိုင်​လောက်ဘူးလို့ ခန့်မှန်း​ပြောဆို​နေကြပါတယ်။ nalmm.com #NAL #Chatbot #chatbotmm #nalmm #manychat #elonmusk #twitter #digitalmarketing #socialmediamarketing

0 Comments