Facebook Algorithm က Video Content ကို ရုပ်ပုံ၊စာသား Content တွေထက် ပိုပြီး favor ပေး delivery လုပ်ပေးတယ်ဆိုတာကို တော်တော်များများလည်းသိပြီးသားဖြစ်ကြမယ်လို့ထင်ပါတယ်။ အခုဆိုရင် TikTok ကလည်း တစထက်တစ နေရာယူလာတော့ ကိုယ့်ရဲ့ Video Content လေးတွေကို အလွယ်တကူ အချိန်မကုန်ဘဲ Edit လုပ်ဖန်တီးယူတက်ရင် တခြားသူတွေထက် နှာတဖျားသာသွားပါလိမ့်မယ်။
Video Editing အတွက်ဆိုရင် အရင်က Computer ကြီးနဲ့ အချိန်တွေပေးပြီးလုပ်ခဲ့ကြရပေမယ့် အခုဆိုရင် Mobile phone တွေနဲ့တင်ပေါ့ပေါ့ပါးပါး အချိန်မကုန်ဘဲ အဆင့်မြင့် Function တွေကို ဖန်တီးအသုံးပြုလို့ရနေပါပြီ။
Mobile Video Editing အတွက် အကောင်းဆုံး 3 ခုကို ညွှန်ပြရမယ်ဆိုရင်
1. InShot Video Editor (Paid)
2. Picsart Photo & Video Editor (Paid)
3. CapCut Video Editor (Free)
ထိပ်ဆုံး ၂ ခုဖြစ်တဲ့ Inshot နဲ့ Picsart တို့ကတော့ ထွက်တာကြာပြီဖြစ်သလို လစဉ်ကြေး/နှစ်စဉ်ကြေး/One time Purchase တို့ရှိတာကြောင့် Mod apk မသုံးချင်တဲ့သူတွေအတွက်ကတော့ အဟန့်အတားလေးတစ်ခုတော့ဖြစ်နေပါတယ်။
ဒါပေမယ့် နံပတ် ၃ ဖြစ်တဲ့ CapCut ကတော့ Free ဖြစ်ပြီး အဆင့်မြင့် function တွေအားလုံးကို အသုံးပြုလို့ရတဲ့အပြင် ပုံမှန်ကတော့ Video edit လုပ်နေရင်နောက်ဆုံးမှာ watermark လေးအပိုင်းလေးအလိုအလျောက်ထည့်သွင်းထားပေမယ့် အဲဒီ့အပိုင်းလေးကိုလည်း ဖျက်ထုတ်ခွင့်ပေးထားလို့ အရမ်းကို အစဉ်ပြေတာကိုသွားတွေ့ရပါတယ်။ တခြား အဆင့်မြင့် function တွေဖြစ်တဲ့ Video Background Remover, 3D Zoom Pro ... တို့လို function တွေကိုလည်း အခမဲ့သုံးခွင့်ရှိတော့ တော်တော်လေးကို အဆင်ပြေတာသွားတွေ့ရပါတယ်။ CapCut ကိုထုတ်လုပ်ထားတဲ့ Company ကတော့ TikTok ရဲ့ မိခင် Company ဖြစ်တဲ့ Bytedance pte Ltd. ဖြစ်ပါတယ်။
Video tutorial အသေးစိတ်တွေကတော့ YouTube မှာ ရိုက်ရှာရင် အလွယ်တကူ တွေ့တာမို့လို့ အထူးတလည် မတင်တော့ပါဘူးခဗျာ။
Download ချဖို့အတွက်လင့်တွေကတော့
အခုဖော်ပြထားတာမဟုတ်တဲ့ တခြား application တွေရှိရင်လည်း မန့်မှာရေးသားခဲ့လို့ရပါတယ်ခဗျာ။ အားလုံးဘဲနေကောင်းကျန်းမာကြပါစေ။
ထင်ကျော် (NAL)
09 960 60 6556
0 Comments