1 လ 12$ တန် YouTube Music Premium ကို အခမဲ့ ရယူမယ်။



Youtube ဆိုတာ ဗဟုသုတရဖွယ်ဗီဒီယို တွေ နဲ့ စိတ်အပန်း ဖြေစရာ ရုပ်ရှင်၊သီချင်းဗီဒီယို တွေကို အကန့်သတ်မဲ့  စိတ်ကြိုက်စီးမျော ကြည့်ရှုနိုင်တဲ့ လူမှုကွန်ယက်မီဒီယာတစ်ခုဖြစ်ပါတယ်။ ပုံမှန်အ ခြေအ နေမှာဆိုရင်တော့ Youtube က နေ ကိုယ်ကြိုက်နှစ်သက်တဲ့ဗီဒီယို တွေကို ကိုယ့်ရဲ့ဖုန်းထဲ download လို့မရပဲ Youtube App ထဲမှာပဲ Offline အ နေနဲ့သာပြန်ကြည့်လို့ရပါတယ်။ အဲဒီလို Offline အဖြစ် ကြည့်ရှုခွင့်ကိုလည်း ရက်ပိုင်းသာခွင့်ပြုတော့တာပါ။ အခုပြောပြထားတဲ့ Function တွေကို အသုံးပြုချင်ရင်တော့ Youtube Music Premium ကို လစဉ်ကြေးပေးပြီး သုံးစွဲရပါတယ်။ US မှာကတော့ ၁ လကို ၁၂ $  (12 $ / Month ) ကျသင့်ပါတယ်။ ဒါဆို ဒီ function တွေကို မိမိက အရမ်းသုံးချင်လို့ ပိုက်ဆံပေးပြီး သုံးစွဲမယ်ဆိုရင်တောင် ကျနော့်တို့ နိုင်ငံကနေ သုံးလို့ မရပါဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့ ဖြေရှင်းဖို့ နည်းလမ်းရှိပါသေးတယ်။ 

ဒီအခက်အခဲတွေကို ဖြေရှင်းပေးမယ့် application လေးကကတော့  Newpipe ဆိုတဲ့ App လေးပါ။ ‌Youtube Video မှန်သမျှကို Download လုပ်လို့ရပြီး ကိုယ်အချိန်မ ရွေးပြန်ကြည့်ချင်တဲ့ ဗီဒီယို တွေကို Playlist အလိုက် မှတ်သားသိမ်းဆည်းထားလို့ရမယ် ၊ စိတ်ကြိုက်Playlist တွေလည်း ဖန်တီးလို့ရတဲ့အတွက် မိမိနှစ်သက်ရာဗီဒီယို တွေကိုအလွယ်တကူ မှတ်သားသိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ New Pipe ဟာ App Size သေးငယ်တဲ့အတွက် Phone Memory စားသက်သာ စေ တဲ့အပြင် Phone Battery နဲ့ Internet Data စားလဲသက်သာ အောင်ပါဖန်တီးထားပါတယ်။ Download ပိုင်းမှာဆိုရင်လဲ ဗီဒီယိုဖိုင်အဖြစ် သာမက အသံဖိုင်နဲ့ စာတန်းထိုးဖိုင် တွေပါ Download လုပ်နိုင် အောင်ဖန်တီး ပေးထားပြီး ဗီဒီယို တွေနဲ့အသံဖိုင် တွေကို အရည်အ သွေးစိတ်ကြိုက်ရွေးချယ်downloadလုပ်နိုင်သလို Download လုပ်ထားတဲ့ File တွေကိုစိတ်ကြိုက်နာမည် ပေးလို့ပါရပါသေးတယ်။ ဒါ့အပြင် Background Player ထည့်သွင်း ပေးထားတဲ့အတွက်စိတ်ကြိုက်Playlist တွေထဲကသီချင်း တွေကို တခြားapp တွေသုံးရင်း နားဆင်လို့ရမှာဖြစ်ပါတယ်။ Appကိုပိတ်လိုက်ရင် တောင်မှ Background Player ကအလုပ်လုပ်တဲ့အတွက် RAM နဲ့ Battery စားသက်သာ စေပါတယ်။ နောက်ပြီး Popup Player ကိုလဲ ထည့်သွင်း ပေးထား သေးတဲ့အတွက် ကိုယ်က တခြား app တစ်ခုကိုသုံးရင်း ဗီဒီယိုကြည့်ချင်တဲ့အချိန်မှာ Video Player ကိုချုံ့ပြီး စိတ်ကြိုက် နေရာချကာကြည့်ရှုနိုင်ပါတယ်။ ကိုယ် နောက်ဆုံးကြည့်ခဲ့တဲ့ဗီဒီယို တွေနဲ့ အများဆုံးကြည့်ရှုခဲ့တဲ့ဗီဒီယိုစာရင်းကို History ထဲမှာပြန်လည်ရှာ ဖွေနိုင်တဲ့အတွက် ကိုယ့်ရဲ့အကြိုက်ဆုံးဗီဒီယို တွေကို Search Box မှာထပ်မံရှာ ဖွေစရာမလို တော့ပါဘူး။ 

ယခုလိုအရမ်းအသုံးဝင်တဲ့ New Pipe Application လေးကို Android Phone တွေအတွက်သာရနိုင် ပြီး IOS အတွက် တော့မရသေးပါဘူး။ စမ်းသပ်သုံးစွဲလိုတဲ့သူတွေကတော့ အောက်မှာ Download Link လေးပေးထားပါတယ်။ Application လေး Update ထွက်ရင်တော့ Function တွေပြန်လည်သုံးစွဲနိုင်ဖို့ ပုံမှန်လေး Update လုပ်ပေးဖို့တော့ လိုပါတယ်။ 

Download Link လေးကတော့  

Android => https://bit.ly/YoutubeMusicPremium_NAL 

အားလုံးဘဲ ကျေးဇူးတင်ပါတယ်။ 

ထင်ကျော် (NAL) 

09 960 60 6556 

--- 

မိမိ လုပ်ငန်းအတွက် စီးပွားရေး လုပ်ငန်းသုံး Commercial Chatbot (Omni Channels) တည်ဆောက်ချင်သူတွေ NAL ကိုဆက်သွယ်နိုင်ပါတယ်။ 

  

  

NAL မှာ သင်ကြားလို့ရနေပြီဖြစ်တဲ့ Chatbot သင်တန်းတွေကတော့  

- Lv.1 (Messenger Chatbot Class) 

- Lv.2 (Messenger Chatbot Class) 

- Lv.3 (Viber & Telegram Chatbot Class) 

- SMS Broadcasting / Marketing Class (SMS ၁ စောင် ၁ ကျပ်)  

တို့ဘဲဖြစ်ပါတယ်။ 

  

  

Website => https://www.nalmm.com  

  

NAL Portfolio => https://bit.ly/NAL_Portfolio_PDF_WFP 

  

သင်တန်းသားတွေရဲ့ စကားသံ => https://www.facebook.com/NALchatbot/reviews 

  

သင်တန်းအပ်မယ်=> https://m.me/NALchatbot?ref=NAL_Class_Attend 

  

Sample Chatbots => https://m.me/NALchatbot?ref=NAL_Sample_Chatbot 

  

Youtube Channel => https://www.youtube.com/c/NALChatBot 

  

အခမဲ့ သင်ခန်းစာများ => https://bit.ly/NAL_Youtube_FreeTutorial_Chatbot 

  

#nalmm #nalchatbot #chatbotmm #manychat #chatbot #autoreply #messesengermarketing #nal #nalchatbotmm #socialmedia #business #digitalmarketing #ecommerce #manychat #chatfuel #mobilemonkey #sms #smsmarketing

0 Comments