မိတ်ဆွေရေ ManyChat အတွက် လစဉ်ပေးနေကြ Pro Plan အတွက် USD ငွေလဲလှယ် ပြီး ထည့်သွင်းပေးရမှာမို့လို့ အလုပ်တွေ ထပ်ဆင့်ပိုလာလို့ စိတ်များပူပန်နေကြမလားခဗျာ။ အခုကစပြီး စိတ်ပူစရာမလိုတော့ပါဘူး။ ကျနော် ဆိုလည်း CB Visa Card သုံးတာ mobile app ကနေထပ်ဖြည့်ခွင့်လို့မရတော့လို့ စိတ်ညစ်နေတာနဲ့ Card လေးကို ကိုင်ကြည့်နေတုန်း JCB ဆိုတဲ့ စာလေးတွေ့တော့ ဘာဘဲဖြစ်ဖြစ် စမ်းကြည့်လို့ အရှုံးမရှိဘူးဆိုပြီး Manychat Pro plan အတွက် Visa Card (USD) နေရာမှာ CB JCB (MMK) Card ကိုထည့်သွင်း လိုက်တာ MC ကလက်ခံပါတယ်။ ဒါကြောင့် ဘယ် ဘဏ်ကဒ်ဖြစ်ဖြစ် JCB မြန်မာကျပ် နဲ့ ချိတ်ဆက်ထားတဲ့ Card မှန်သမျှ ManyChat အတွက် Pro Plan ကို အပြင်မှာ သီးသန့် USD ဒုက္ခခံလိုက်ရှာနေစရာမလိုတော့ပါဘူး။ ကိုယ့်ဘဏ်ကဒ်ထဲ မြန်မာကျပ်ငွေရှိရင် သက်ဆိုင်ရာ ဘဏ် Exchange Rate နဲ့ အလိုအလျောက် လဲလှယ်ပြီး သုံးစွဲလို့ရတာလေးကို မျှဝေလိုက်ပါတယ်ခဗျာ။
ကိုယ့်ရဲ့ Card က JCB Register လုပ်ထားမထား ဘယ်လိုစစ်ရမလဲဆိုရင် ကဒ်ရဲ့ ညာဖက်အောက်ကထောင့်လေးကို တစ်ချက်ကြည့်လိုက်ရင် အဖြေထွက်ပါတယ်ခဗျာ။ Register လုပ်ထားတဲ့ Card တွေက JCB လို့ စာသားလေးရေးထားပါတယ်။
သိပြီးသားသူတွေကတော့ ကျော်သွားလို့ရပါတယ်ခဗျာ။ မသိသေးတဲ့သူတွေအတွက် မျှဝေပေးတာပါ။ အားလုံးကျေးဇူးတင်ပါတယ်။
ထင်ကျော် (NAL)
09 960 60 6556
---
မိမိ လုပ်ငန်းအတွက် စီးပွားရေး လုပ်ငန်းသုံး Commercial Chatbot တည်ဆောက်ချင်သူတွေ NAL ကိုဆက်သွယ်နိုင်ပါတယ်။
NAL မှာ သင်ကြားလို့ရနေပြီဖြစ်တဲ့ Chatbot သင်တန်းတွေကတော့
- Lv.1 (Messenger Chatbot Class)
- Lv.2 (Messenger Chatbot Class)
- Lv.3 (Viber & Telegram Chatbot Class)
- SMS Broadcasting / Marketing Class (SMS ၁ စောင် ၁ ကျပ်)
တို့ဘဲဖြစ်ပါတယ်။
Website => https://www.nalmm.com
NAL Portfolio => https://bit.ly/NAL_Portfolio_PDF_WFP
သင်တန်းသားတွေရဲ့ စကားသံ => https://www.facebook.com/NALchatbot/reviews
သင်တန်းအပ်မယ်=> https://m.me/NALchatbot?ref=NAL_Class_Attend
Sample Chatbots => https://m.me/NALchatbot?ref=NAL_Sample_Chatbot
Youtube Channel => https://www.youtube.com/c/NALChatBot
အခမဲ့ သင်ခန်းစာများ => https://bit.ly/NAL_Youtube_FreeTutorial_Chatbot
0 Comments