"Prompt ေလးနဲနဲရေးတတ်ရုံနဲ့တင် စိတ်ကြိုက်သီချင်းတွေဖန်တီးနိုင်မယ့် Suno AI"

 


ဘာဂီတတူရိယာမှမတီးတတ်၊ ဂီတနဲ့ပတ်သက်ပြီး ဘာဆိုဘာမှမသိတာကြောင့် ဘယ်တော့မှသီချင်းကောင်းတစ်ပုဒ်ဖန်တီးနိုင်မှာမဟုတ်ဘူးလို့တွေးမိပြီး စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် Prompt ရေးရုံနဲ့ သီချင်းတွေအများကြီးဖန်တီးနိုင်မယ့် AI လေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ Suno AI ပါ။ Suno AI မှာဆိုရင် ကိုယ်လိုချင်တဲ့သီချင်းပုံစံနဲ့ အမျိုးအစားကို Prompt ရေးလိုက်တာနဲ့ ပြီးပြည့်စုံစွာဖန်တီးနိုင်မှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် သီချင်းကို ၁မိနစ်၊ ၂မိနစ်စာထုတ်ပေးလေ့ရှိပြီး သီချင်းစာသားကိုပါ ထုတ်ပေးနိုင်ပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့အပြင် အခြားသောဘာသာစကားနဲ့ဆိုထားတဲ့သီချင်းတွေကိုစိတ်ကြိုက်ဖန်တီးနိုင်သေးတာမလို့ သီချင်းဖန်တီးမှုအပိုင်းကိုစိတ်ဝင်စားသူတွေ မဖြစ်မနေစမ်းသပ်ကြည့်သင့်တဲ့ AI လေးတစ်ခုဖြစ်ပါတယ်။ ကိုယ်ဆိုစေချင်တဲ့မြန်မာစာသားနဲ့ သီချင်းအမျိုးအစားအတွက် Prompt တို့ကိုရိုက်ထည့်လိုက်မယ်ဆိုရင် နားထောင်လို့ကောင်းတဲ့မြန်မာသီချင်းတစ်ပုဒ်ကိုထုတ်ပေးနိုင်ပါတယ် ။နမူနာအနေနဲ့ အောက်ကဗီဒီယိုထဲမှာ မြန်မာသီချင်းလေးတစ်ပုဒ်ကိုစမ်းသပ်ဖန်တီးပြထားပါတယ်။
လက်ရှိမှာ Suno AI က Free Version အနေနဲ့ တစ်ရက်ကို သီချင်း၁၀ပုဒ်အခမဲ့ဖန်တီးခွင့်ပေးထားပါတယ်။ စမ်းသပ်ချင်သူတွေအတွက် လင့်ခ်လေးကိုချပေးထားပါမယ်။
 
=>  Link
 
အခုလို AI နည်းပညာအသစ်လေးတွေအပြင် (မြန်မာ) ChatGPT / Claude / Freedom / Today Info AI / Image Generator Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရမလဲ ဆိုတာကိုပါ စဉ်ဆက်မပြတ် ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လုပ်ပေးကြပါဦးနော်။

0 Comments