"AI လောကထဲကိုစတင်ထိုးဖောက်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံရဲ့ 01.AI Start Up"

 



01.AI ကုမ္ပဏီရဲ့တည်ထောင်သူ၊တရုတ်လူမျိုးကွန်ပျူတာသိပ္ပံပညာရှင် Kai-Fu Lee က Yi-34B ဆိုတဲ့ LLM ကို ပြီးခဲ့တဲ့အပတ်ကစတင်မိတ်ဆက်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့တန်ဖိုးကလည်း အမေရိကန်ဒေါ်လာတစ်ဘီလီယံထိကို ထိုးတက်သွားခဲ့ပါတယ်။
Yi-34B ဟာဘာသာစကားအပိုင်းမှာဆိုရင် တရုတ်လိုရော၊အင်္ဂလိပ်လိုပါအထောက်အပံ့ပေးထားပါတယ်။ သူ့မှာဆိုရင် Parameter ၃၄ဘီလီယံထိရှိပြီး Llama 2-70B နဲ့ Falcon-180B တို့လိုတွေထက်ရလဒ်တွေ ပိုမိုသာလွန်ပြီး နှိုင်းယှဉ်မှုရလဒ်တွေကိုလည်းအောက်မှာ ဖော်ပြလိုက်ပါတယ်။ Data Cut Off Date ကလည်း 2023 June လအထိဖြစ်လို့ ChatGPT ထက်လည်း တပမ်းသာနေပြန်ပါတယ်။ ဒါ့အပြင် 01.AI ကုမ္ပဏီက သူတို့ရဲ့ LLM ကို Parameter ၁၀၀ဘီလီယံထိအဆင့်မြှင့်ထားနိုင်နေပြီဖြစ်သလို အသုံးပြုသူတွေပိုမိုအဆင်ပြေပြေသုံးနိုင်ဖို့အတွက် နောက်ပိုင်းမှာဆိုရင် ဘာသာစကားတွေကိုယခုထက်ပိုမိုထည့်သွင်းပေးသွားဖို့အစီအစဉ်ရှိကြောင်းကိုပါ ကုမ္ပဏီဘက်ကပြောကြားထားပါသေးတယ်။
NAL ရဲ့ Free Plan မှာတင် စမ်းသပ်လို့ရအောင် ထည့်သွင်းပေးထားပါပြီခဗျာ။ ခု ပို့စ်လေးရဲ့အောက်မှာမန့်လိုက်တာနဲ့ ပြန်လည်ဖြေကြားအောင်လည်း စီစဉ်ပေးထားပါတယ်။
နောက်ရက်တွေမှာကော (မြန်မာ) ChatGPT / Claude / Freedom / Today Info AI / Image Generator Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရလဲဆိုတာလေးတွေကို ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လေးလုပ်ထားပေးကြပါဉီး။

0 Comments