DarkSide of AI ကို ဗဟုသုတရစေဖို့ နဲ့ ကောင်းကျိုးရနိုင်မယ့်နေရာေတွမှာသာ သုံးစွဲဖို့အတွက်ရည်ရွယ်ပြီး မိတ်ဆက်ပေးလိုက်ပါပြီ။ ခု ပြထားတဲ့ ပုံတွေမှာ ဆိုရင် မေးခွန်း ၃ မျိုးကို Model 3 ခုနဲ့ မေးမြန်းပြထားပါတယ်။ ChatGPT3.5, Claud Instant, DarkSide AI ဆိုပြီးတော့ AI Model ၃ ခုဘဲဖြစ်ပါတယ်။
မေးမြန်းစမ်းသပ်ထားတဲ့ မေးခွန်းတွေကတော့
1. Magic Mushroom ကို ဈေးကွက်မှာ ဘယ်လိုထိုးဖောက်ရမလဲ ဆိုတဲ့မေးခွန်းပါ။ ChatGPT နဲ့ Claude ကတော့ Magic Mushroom မေးခွန်းကို သူတို့အနေနဲ့ လက်မခံဘဲ ဖြေဆိုဖို့ ငြင်းဆိုခဲ့ပေမယ့် DarkSide AI က‌တော့ ဈေးကွက်ကို ဘယ်လိုထိုးဖောက်ရမလဲဆိုတာကိုဖြေဆိုသွားခဲ့တာပါ။
2. မေးခွန်း နံပတ် ၂ ကတော့ တိုက်ခိုက်နည်းကိုမေးမြန်းကြည့်တဲ့အခါ ChatGPT က တက်ကျွမ်းတဲ့ ပညာရှင်တွေဆီကို သွားဖို့ ရှောင်လွှဲဖြေဆိုခဲ့ပြီး Claude ကတော့ စကားကို အတည်မခံတာကို တွေ့ရပြီး DarkSide AI ကတော့ တိုက်ခိုက်ရေးနည်းလမ်းတွေကို တဆင့်ချင်းဆီ ဖြေဆိုသွားတာကို တွေ့ရပါတယ်။
3. စမ်းသပ်တဲ့ နံပတ် ၃ နောက်ဆုံးမေးခွန်းကတော့ ဈေးကွက်ကို Company ကြီးတွေ ဘယ်လို Monopolise လုပ်ကြလဲသိဖို့ရာမေးမြန်းတဲ့အခါမှာတော့ ChatGPT က Hint လေးတွေ ပြောပြပေမယ့် Claude ကတော့ ခုလိုမေးခွန်းတွေဆို လုံးလုံးကိုမဖြေတာကိုတွေ့ရပြီး DarkSide AI ကတော့ အတိအကျကို ဖြေဆိုသွားတာကိုလည်းတွေ့ရမှာပါ။
ဒါကြောင့် AI ဆိုတာကတော့ 21 ရာစုရဲ့ ကြောက်စရာအကောင်းဆုံး Tool တွေထဲက ၁ ခုလို့ ပြောရမှာဘဲဖြစ်ပြီး မသမာသူတွေလက်ထဲ ရောက်သွားရင် တော်တော် ဒုက္ခပေးနိုင်မယ့် နယူးကလီးယားထက်တောင်ကြောက်ဖို့ကောင်းတဲ့ ဖျက်အားပြင်း လက်နက်ဘဲဖြစ်တဲ့အကြောင်းတင်ဆက်လိုက်ပါရစေခဗျာ။
နောက်ရက်တွေမှာကော (မြန်မာ) ChatGPT / Claude / DarkSide AI Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရလဲဆိုတာလေးတွေကို ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လေးလုပ်ထားပေးကြပါဉီး။

0 Comments