"ဘာတွေဆက်ဖြစ်လာမလဲ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရတော့မယ့် OpenAI"

 

မကြာသေးခင်ကပဲ OpenAI ကနေ အလုပ်ရပ်နားခြင်းခံလိုက်ရတဲ့ Sam Altman နဲ့ Greg Brockman တို့အကြောင်းကိုအားလုံးပဲသိကြမှာပါ။ သူတို့အလုပ်ထွက်သွားတောကြောင့် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်တွေဝေဖန်ကြတဲ့အပြင် OpenAI ကဝန်ထမ်းတချို့ပါ အလုပ်ထွက်ကုန်ကြတာပါ။ ဒါပေမဲ့ အခုတော့ Microsoft ရဲ့ AI team အသစ်ကို ဦးဆောင်ဖို့အတွက် သူတို့နှစ်ဦးကိုအလုပ်ခန့်လိုက်ပြီဆိုပြီး ယနေ့မှာပဲကြေငြာလိုက်ပါတယ်။
Microsoft ရဲ့ CEO ဖြစ်သူ Satya Nadella ကတော့ သူတို့၂ဦးဟာ လုပ်ဖော်ကိုင်ဖက်တွေကြောင့် ဒီအလုပ်ကမ်းလှမ်းမှုကိုလက်ခံခဲ့တာဆိုပြီး ပြောကြာခဲ့ပါတယ်။ ဒါ့အပြင် ယခင် OpenAI မှာလုပ်ကိုင်ခဲ့တဲ့ပညာရှင်တွေဖြစ်တဲ့ Szymon Sidor၊ Jakub Pachocki နဲ့ Aleksander Madry တို့လဲ Microsoft နဲ့ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းကိုပါ Greg Brockman ကသူ့ရဲ့ X(Twitter) စာမျက်နှာမှာတင်ထားပါတယ်။
ဒီသတင်းကြောင့် Sam Altman နဲ့ Greg Brockman ကိုအလုပ်ပြန်ခန့်အပ်ဖို့ကြိုးစားနေတဲ့ OpenAI ရဲ့ ဘုတ်အဖွဲ့ဝင်တွေအတွက်တော့ကုမ္ပဏီမှာအခက်အခဲဖြစ်လာနိုင်ချေ နဲ့ Microsoft ကုမ္ပဏီအတွက်လဲ ပိုမိုကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ချေရှိမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

0 Comments