AI ChatBot တွေထဲကနာမည်ကြီးတစ်ခုဖြစ်တဲ့ Claude ဟာဆိုရင် ဗားရှင်းအသစ် Claude 2.1 ကိုမကြာသေးခင်ကမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ဗားရှင်းအသစ်မှာဆိုရင် အရင်ဗားရှင်းထက်ပိုကောင်းမွန်တဲ့လုပ်ဆောင်မှုတွေကိုတွေ့မြင်လာရမှာပါ။
Claude 2.1 မှာဆိုရင် ၂၀၀,၀၀ tokens အထိပေးထားတဲ့အတွက် စာလုံးရေ ၁၅၀,၀၀၀၊ စာမျက်နှာ ၅၀၀ကျော်ထိကို ဘာသာပြန်ပေးလာနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် စာတွေအများကြီးပါဝင်တဲ့ PDF လိုဖိုင်တွေကို စုပြီးအကျဉ်းချုံးပြန်ရေးခိုင်းလို့ရလာမှာဖြစ်သလို ကွန်ပျူတာ Code တွေ၊ မေးခွန်းအမေးအဖြေတွေနဲ့ ရာသီဥတုအခြေအနေခန့်မှန်းချက်လိုတွေကိုပါ
အကျဉ်းချုံးပြန်ရေးခိုင်းလို့ရလာမှာပါ။
ဒါ့အပြင် Claude 2.1 ကိုယခင်ကထက်ပိုပြီးအဖြေနှစ်ဆမှန်ကန်အောင်လုပ်ထားပေးတဲ့အတွက် မေးလိုက်တိုင်းမှာပိုမိုတိကျတဲ့အဖြေတွေကိုအရင်ထက်ပိုမိုဖြေကြားပေးနိုင်လာမှာဖြစ်ပါတယ်။နောက်ပြီး API တွေနဲ့ system prompts တွေကိုပါအသစ်ထပ်တိုးထည့်ပေးထားတဲ့အတွက် ခက်ခဲတဲ့သင်္ချာ ပုစ္ဆာတွေတွက်ချက်တာ၊ ဘာသာပြန်တာနဲ့ တခြားသော databases ပိုင်းဆိုင်ရာတွေမှာပါပိုမိုကောင်းမွန်လာတော့မှာပါ။
0 Comments