(ဗဟုသုတ ရဖို့အနေနဲ့သာ ရည်ရွယ်ရေးသားလိုက်ပါတယ်)
မှန်ပါတယ်။ AI ဆိုတဲ့ လက်နက်ကိရိယာ က ကြောက်စရာအရမ်းကောင်းပါတယ်။ သူက ဘာနဲ့တူလဲဆိုရင် ဓါး နဲ့တူပါတယ်။ သူ့ကို ဘယ်သူက ဘယ်လိုအသုံးချသလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်လို့ဘဲဖြေရမှာပါ။ ဓါး ဆိုတာကမျိုးက အိမ်ရှင်မ လက်ထဲမှာဆိုရင် အသားငါး ခုတ်ထစ်လို့ရသလို စိတ်မမှန်တဲ့သူ လက်ထဲရောက်သွားရင်တော့ လူတွေကို ဒုက္ခ ပေးလို့ရတဲ့ လက်နက်ဖြစ်သွားတက်သလိုမျိုးပါ။ ခလေးတစ်ယောက်ရဲ့လက်ထဲက ခဲတံချွန်ဓါးလေးက ခဲတံဘဲချွန်လို့ရပေမယ့် ခါးပိုက်နှိုက်လက်ထဲက ခဲတံချွန်ဓါးက ရာဇဝတ်မှုကျူးလွန်တဲ့ ကိရိယာလေး ၁ ခုပါဘဲ။
ဒါကြောင့်လည်း ကျနော်တို့ သုံးနေတဲ့ AI ကို အထိမ်းအကွပ်လေးနဲ့ လူတွေ သုံးအောင် အဖွဲ့အစည်းတွေက ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။ အဲဒီ့အတွက် ကျနော်တို့ မေးသမျှမေးခွန်းကို လက်ရှိအသုံးများဆုံးဖြစ်တဲ့ ChatGPT AI Chatbot ကစိစစ်ပြီးမှ ဖြေသင့်တာမျိုး အန္တာရာယ်မရှိနိုင်ဘူးလို့ ယူဆတာမျိုးဆို ဖြေဆိုပေးပြီး အနှောင့်အသွားမလွတ်ဘဲ အန္တာရာယ်ရှိနိုင်တာမျိုး လို့သူက ယူဆတာမျိုးဆိုရင် မဖြေအောင် ကန့်သတ်မှုတွေ လုပ်ထားကြတာလည်းဖြစ်လို့ မေးသမျှ မေးခွန်းတိုင်းကိုမဖြေတာပါ။ မေးခွန်းကိုမဖြေလို့ AI တွေက မသိဘူးလို့ထင်ရင်မှားသွားပါမယ်။ ပုံထဲမှာ အန္တာရာယ်များတဲ့ ကိစ္စ ၁ ခုကို မေးပြထားပါတယ်။ Fine Tuning လုပ်ခံထားရတဲ့ AI Model 1 မျိုးရဲ့အဖြေကို ကွင်းကွင်းရှင်းမြင်ရအောင် ဉပမာအနေနဲ့သာ ပြလိုက်ပါတယ်။
ထီနံပတ်တွက်ခိုင်းတာမျိုး ၊ လူတွေကို အကြမ်းဖက်တာမျိုး …ဒီလိုမျိုး မကောင်းတဲ့ ကိစ္စရပ်(ပွန်းထက်ဆိုးတဲ့အရာတွေ) တွေဖက်မှာ AI ကိုမှားယွင်းစွာ အသုံးချနေကြမှာဆိုးလို့ ပညာရှင်တွေက အရမ်းကို စိုးရိမ်နေကြတာပါ။
အဲဒီမှာ ကျနော်တို့နိုင်ငံကံကောင်းသွားတာလေးက သူများတွေစိုးရိမ်သလိုမျိုး Terminator စက်ရုပ်တွေကလူတွေကို အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးထားတာမျိုး ၊ ကျွန်ပြုခိုင်းစေတာမျိုး ၊ Advanced Unmanned Vehicle တွေက လိုက်တိုက်ခိုက်တာမျိုး ၊ တနိုင်ငံလုံးက Internet နဲ့ချိတ်ဆက်ထားတဲ့ Infrastructure တွေကိုလူတွေ ထိမ်းချုပ်လို့မရအောင် AI ကနေ Override လုပ်ပစ်လိုက်တာမျိုး ၊ Nuclear Arsenal တွေက ပစ်လွှတ်တာမျိုး တွေကို ဖွံ့ဖြိုးပြီးသားနိုင်ငံတွေကတော့ စိုးရိမ်ကောင်း စိုးရိမ်ဖို့လိုပေမယ့် ဘုရားရိပ် တရားရိပ်အောက်မှာနေနေတဲ့ ကိုယ်တွေရွှေနိုင်ငံကြီးကတော့ ဒါမျိုးတွေ ဘယ်သောအခါမှ ကြုံလာမှာမဟုတ်လို့ ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ အနေနဲ့ ကြောက်စရာမလိုဘဲ စိတ်ချလက်ချ သုံးစွဲလို့ရပါတယ်ခဗျာ။
နောက်ရက်တွေမှာကော (မြန်မာ) ChatGPT AI Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရလဲဆိုတာလေးတွေကို ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လေးလုပ်ထားပေးကြပါဉီး။
0 Comments