1. Chat GPT
Open AI ရဲ့ research တွေအများကြီးထဲမှာ အပေါက်ဆုံး features ကို လက်ညှိုးထိုးရမယ်ဆိုရင်တော့ Chat GPT ပါဘဲ။ လစဉ်အသုံးပြုသူ သန်း 100 ကို ဖြန့်ဝေပြီး 2 လအတွင်း ရရှိသွားတဲ့ အမြန်ဆုံး Web application တစ်ခုလည်းဖြစ်ပါတယ်။ Conversational Chatbot အမျိုးအစားဖြစ်ပြီး စာတွေရေးခိုင်းခြင်း ၊ မသိတာတွေမေးလို့ရခြင်း နဲ့အတူ အများကြီး စေခိုင်းလို့ရပါတယ်။ ရှေ့ရက်တင် ဘာတွေလုပ်လို့ရလဲ ရေးပေးထားတာမို့လို့ အသေးစိတ်ကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။
2. Dall E
Dall E ကတော့ Open AI ရဲ့ Neural Network တစ်ခုဖြစ်ပြီး စာကြောင်းတွေကနေ ပုံတွေကို တည်းဖြတ်ထုတ်လုပ်နိုင်တဲ့ Function ဘဲဖြစ်ပါတယ်။ သူနဲ့ခေတ်ပြိုင်တွေကတော့ Mid Journey နဲ့ Stable Diffusion (Developed by CompVis group LMU Munich; Runway ) တို့ပါ။
3. CODEX
AI စနစ်တစ်ခုဘဲဖြစ်ပြီး ကိုယ်ဖြစ်စေချင်လိုချင်တဲ့ပုံစံကို ရေးသားပြီးတော့ AI ကို Program ရေးခိုင်းလို့ရတဲ့ စနစ်ဖြစ်ပါတယ်။ Github Copilot မှာသုံးထားပြီး code တွေကို ရေးတာ အမှားပြင်တာ အစရှိသဖြင့် programmer တွေအတွက် အရမ်းအသုံးဝင်ပါတယ်။
4. OpenAI Safety Gym
AI ကိုလေ့လာလိုက်စားနေတဲ့ ပညာရှင်တွေအတွက် Environment ကို simulate လုပ်ပေးထားတဲ့ Tool kit ဖြစ်ပါတယ်။ Game တွေ 3D Physical အတုဖန်တီးတာတွေ , Machine Learning Algorithm တွေဖန်တီးဖို့အတွက် အသုံးပြုလို့ရပါတယ်။
5. OpenAI Jukebox
Music တွေကို လူတစ်ယောက်လို ဖန်တီးပေးနိုင်စွမ်းရှိတဲ့ Neural Network အမျိုးအစားဖြစ်ပါတယ်။ သူနဲ့အလားတူတဲ့ တခြား web application တွေကတော့ soundraw နဲ့ riffusion တို့ဘဲဖြစ်ပါတယ်။
6. Open AI whisper
Whisper ကတော့ အသံတွေကနေ စာသား Text တွေကို ပြောင်းလဲပေးနိုင်တဲ့ Program တစ်ခုဖြစ်ပြီး ဆူညံပြီး မသဲကွဲတဲ့အခြေအနေ တွေက အသံတွေကနေတောင် စာသားတွေကို ထုတ်နှုတ်နိုင်ပါတယ်။ English ဘာသာစကားအတွက်ကတော့ အဆင်ပြေဆုံးဖြစ်ပေမယ့် တခြား ဘာသာစကားတွေအတွက်လည်း အသုံးပြုလို့ရပါသေးတယ်။
7. OpenAI API Playground
Playground ကတော့ Open AI ရဲ့ထုတ်လုပ်ထားတဲ့ language model အများစုကိုတစ်နေရာတည်းမှာ စုစည်းပေးထားတဲ့ Interactive Platform တစ်ခုဖြစ်ပါတယ်။ အသုံးပြုလို့ရတာတွေကတော့ chat gpt ရဲ့ gpt3.5 turbo , davaci, curie, babbage, adda, codex တို့အပြင် ကိုယ့်စိတ်ကြိုက် model တွေကို မိမိလုပ်ငန်းအတွက် fine tuning လုပ်လို့ရတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ပြီးဆုံးအောင်ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ နောက်ရက်များမှာလည်း ဆက်လက်ပြီး AI , Social Media Marketing တို့နဲ့ပတ်သတ်တဲ့ ဗဟုသုတတွေကို တင်ဆက်ပေးသွားမှာမို့လို့ page ကို like and follow လုပ်ပေးထားပါခဗျာ။
#nal #nalmm #chatbotmm #chatbot #manychat #ai #openai #elonmusk #chatgpt
0 Comments