"မေ့ထားလို့မရတဲ့ Adobe ရဲ့ Firefly AI"


 Adobe ဆိုရင် Photoshop တို့ Illustrator တို့နဲ့ Premiere Pro တို့လိုဓာတ်ပုံ၊ဒီဇိုင်းနဲ့ ဗီဲဒီယိုပိုင်းမှာအကောင်းဆုံးဖန်တီးလို့ရတဲ့ဆော့ဖ်ဝဲတွေကိုထုတ်လုပ်ထားတဲ့ ကုမ္ပဏီကြီးမှန်း သိကြမှာပါ။ အခုလဲ Adobe firefly ဆိုတဲ့ AI နည်းပညာကို စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ Adobe Firefly ဟာဆိုရင် ဓာတ်ပုံရော ဗီဒီယိုကိုရောပြုပြင်ဖန်တီးနိုင်ပါတယ်။ အသစ်တီထွင်လိုက်တဲ့ Adobe Firefly ရဲ့ AI နည်းပညာစနစ်ကဘာတွေဖန်တီးပေးနိုင်မလဲဆိုရင်-

၁) ဓာတ်ပုံတွေကို စိတ်ကြိုက်ပုံဖြစ်အောင်တစ််ခုခြင်းစီပြောင်းလဲနိုင်ခြင်း
AI နည်းပညာကိုထည့်သွင်းပေးထားတဲ့အတွက်ကြောင့် ဓာတ်ပုံတွေထဲကပြောင်းလဲချင်တဲ့အရာဝတ္ထုတွေကိုပြောင်းဖို့ရွေးချယ်လိုက်ရုံနဲ့ AI က ပြောင်းလဲလို့ရမယ့်ပုံစံတွေကိုပြသပေးပါတယ်။ ဒါ့အပြင် ဓာတ်ပုံထဲမှာ မိမိထပ်ထည့်ချင်တဲ့ပုံရဲ့ပုံစံအသေးစိတ်ကို AI ဆီစာရိုက်ပြီးအမိန့်ပေးလိုက်ရုံနဲ့ စိတ်ကြိုက်ပုံကိုဓာတ်ပုံမှာစနစ်တကျနဲ့သဘာဝကျစွာပြောင်းလဲပေးလိုက်ပါတယ်။ Adobe Fly ရဲ့ AI စနစ်ကြောင့် အရင်လိုပြောင်းချင်တဲ့ပုံနေရာကိုအစားထိုးဖို့အဆင့်တွေအများကြီးမလိုအပ်တော့ပါဘူး။
၂) Graphic Design တွေအတွက် စိတ်ကြိုက် font တွေနဲ့ ဒီဇိုင်းတွေကိုရွေးချယ်ပြင်ဆင်နိုင်ခြင်း
Adobe Firefly မှာဆိုရင် Graphic Design ပိုင်းအတွက် font အလှတွေနဲ့ တဲ့ဒီဇိုင်းတွေကို AI ကနေ ထုတ်ယူလို့ရပါတယ်။ AI ကထုတ်ပေးလိုက်တဲ့ဒီဇိုင်းတွေကိုလဲထပ်ပြီးပြုပြင်ပြောင်းလဲနိုင်ပါသေးတယ်။
၃) ဗီဒီယိုနောက်ခံရှုခင်းပုံစံကို စိတ်ကြိုက်ပြောင်းလဲပြင်ဆင်နိုင်ခြင်း
အပြင်ဘက်မှာ ဗီဒီယိုရိုက်ကူးတဲ့အခါမှာ ရာသီဥတုအခြေအနေကစလို့ မိမိစိတ်ကြိုက်ပတ်ဝန်းကျင်အခြေအနေအတိုင်းကအမြဲမရနိုင်ပါဘူး။ ဒီလိုပြဿနာတွေအတွက် Adobe Firefly ကိုအသုံးပြုပြီး ဗီဒီယိုရဲ့နောက်ခံပတ်ဝန်းကျင်အခြေအနေကိုပြုပြင်ဖန်တီးလို့ရပါတယ်။ ဥပမာပြောရရင် မူလဗီဲဒီယိုကိုနွေရာသီမှာရိုက်ကူးထားတယ်ဆိုပေမယ့် Adobe Firefly က မိုးရာသီနဲ့ဆောင်းရာသီတို့လို ရာသီအမျိုးမျိုးကိုပြောင်းလဲပေးနိုင်ပါတယ်။
၄) Content Creation ပိုင်းမှာအကောင်းဆုံးဖန်တီးပေးနိုင်ခြင်း
Adobe Firefly ဟာ ဆိုရှယ်မီဒီယာပို့စ်တွေအတွက် ပိုစတာပုံတွေကို AI နည်းပညာသုံးပြီး အကောင်းဆုံးဖန်တီးပေးနိုင်ပါတယ်။ မိမိအသုံးပြုမယ့်ဓာတ်ပုံတွေကိုထည့်ပြီး လိုချင်တဲ့ပုံရဲ့ဒီဇိုင်းကိုစာရေးပြီးအမိန့်ပေးခိုင်းစေလိုက်ရုံနဲ့အကောင်းဆုံးဒီဇိုင်းပုံကိုရရှိလာမှာဖြစ်ပါတယ်။ ရလာတဲ့ပုံကိုလဲ font ပုံစံမျိုးစုံနဲ့ ဒီဇိုင်းပုံတွေထပ်မံအစားထိုးကာပြောင်းလဲပြုပြင်လို့ရဦးမှာဖြစ််ပါတယ်။
၅) သဘာဝကျတဲ့ 3D Model တွေကိုဖန်တီးပေးနိုင်ခြင်း
Adobe Firefly ဟာနောက်ပိုင်းမှာဆိုရင် လက်တွေ့ဆန်ပြီးသဘာဝကျတဲ့ 3D ဓာတ်ပုံတွေအဖြစ် AI နည်းပညာကိုအသုံးပြုကာ ဖန်တီးနိုင်အောင်လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဒီနည်းလမ်းသာရှိလာမယ်ဆိုရင် 3D Model တွေကိုအချိန်ကုန်လူပင်ပန်းခံပြီး အကြာကြီးဖန်တီးစရာမလိုအပ်တော့ပါဘူး။
လက်ရှိမှာတော့ Adobe Firefly ဟာ Official အနေနဲ့မထွက်ရှိသေးပဲ Beta စမ်းသပ်အဆင့်မှာသာရှိပါသေးတယ်။ အသုံးပြုခွင့်ရဖို့အတွက် Adobe Firefly(Beta) စာမျက်နှာက Request Access ထဲမှာ နာမည်နဲ့ Adobe ID email လိပ်စာကိုဖြည့်သွင်းကာ စာရင်းပေးထားပြီး အသုံးပြုခွင့်ကိုစောင့်ဆိုင်းရမှာဖြစ်ပြီး အသုံးပြုခွင့်ရလာခဲ့ရင်အသိပေးအကြောင်းကြားစာရောက်ရှိလာမှာဖြစ်ပါတယ်။
Adobe firefly ကိုအသုံးပြုဖို့စိတ်ဝင်စားတဲ့သူတွေကတော့ ထုံးစံအတိုင်း မန့်ထဲမှာပေးထားတဲ့လင့်ကိုနှိပ်ကာသွားရောက်ပြီး Waiting list ပေးသွင်းထားနိုင်ပါတယ်။

0 Comments